
မန်ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဇူလိုင် ၇ ရက်ကစတင်ကာ အသင်းဆီ ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ခဲ့ပြီး တယောက်တည်း လေ့ကျင့်ခန်းဆင်းခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းဘက်က ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ ပြင်ဆင်ထားပြီး ကစားသမားဖြစ်သူကို အသင်းသစ်ရှာဖွေဖို့ ပြောဆိုထားတာပါ။
အသင်းသစ် ရှာမတွေ့သေးလို့ အသင်းဆီပြန်လာမယ်ဆိုရင်လည်း အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခွင့်မပြုဘဲ တယောက်တည်း လေ့ကျင့်ခန်းဆင်းနိုင်ကြောင်း အသိပေးထား တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုလည်း တိုက်စစ်မှူးသစ် ကူညာကို တရားဝင်ပေးအပ်ထားပြီး ရက်ရှ်ဖို့ဒ်အပေါ် မလေးမစားလုပ်ရပ်အဖြစ် ဝေဖန်မှုတွေလည်း ရှိပါတယ်။
Photo: Reuters