
စာချုပ်သက်တမ်းကျန်သေးလို့ မန်ယူအသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ထားကြောင်း တိုက်စစ်မှူး ဟွိုက်လန်းက ပြောသွားပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ မနှစ်က သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာ ထင်သလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ရောင်းထုတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သူပါ။
အီတလီထိပ်သီး အင်တာမီလန်အသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ အနာဂတ်ကိစ္စအပေါ် မန်ယူအသင်းနဲ့ ဆွေးနွေးဆုံးဖြတ်ရဖို့ ရှိပါတယ်။
ဟွိုက်လန်းကတော့ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကျန်သေးလို့ အသင်းမှာဆက်ရှိဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
မန်ယူအသင်းဘက်ကတော့ ထိုက်သင့်တဲ့ကမ်းလှမ်းမှု ရမယ်ဆိုရင် ဟွိုက်လန်းကို ရောင်းထုတ်ဖို့ရှိပြီး ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်စ်နဲ့ အစားထိုးဖို့ ကြိုတင်ချိတ်ဆက် လုပ်ဆောင်ထားပါတယ်။