
လီဗာပူးတိုက်စစ်မှူး ဒီယေဂို ဂျိုတာ အသက် ၂၈ နှစ်ဟာ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကွယ်လွန်သွားတဲ့အကြောင်း လီဗာပူးကလပ်အသင်းက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။
ဝမ်းနည်းစိတ်မကောင်းစရာ ဒီဖြစ်ရပ်အတွက် လီဗာပူးကလပ်အသင်းသားတွေအနေနဲ့ စိတ်ထိခိုက် ယူကျုံးမရ ဖြစ်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ယာဉ်တိုက်မှုမှာ ဒီယေဂို ဂျိုတာရဲ့ ညီဖြစ်သူ အန်ဒရီဆေးလ်ဗားလည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းသားတွေကလည်း စိတ်ထိခိုက်ကြေကွဲရတဲ့အကြောင်း ထုတ်ပြန်ထားသလို ပေါ်တိုကလပ်အသင်းကလည်း ဝမ်းနည်းကြောင်း ကြေညာထားပါတယ်။