
အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း သောမတ်စ်ပါတေးဟာ အမျိုးသမီး ၃ ယောက်အပေါ် အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
အသက် ၃၂ နှစ်ရှိ ဂါနာ ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။
ပါတေးဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကာလတွေအတွင်းမှာ အဆိုပါပြစ်မှုတွေကို ကျူးလွန်ခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာ ၃ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ လမ်းခွဲအပြီး ၅ ရက်အကြာမှာပဲ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး အမျိုးသမီး ၃ ယောက်အပေါ် ၅ ကြိမ်အထိ အဓမ္မကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
ပါတေးအနေနဲ့ လာမယ့် သြဂုတ် ၅ ရက်မှာ တရားရင်ဆိုင်ဖို့ နိုတစ်စာပို့ခံထားရပြီး တရားရုံးမှာ လာရောက် ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။
ပါတေးဘက်က တရားရုံးရဲ့ စွပ်စွဲမှုတွေ အားလုံးကို ငြင်းဆန်ထားပြီး အပြစ်မရှိကြောင်း ခုခံကာကွယ်သွားမယ်လို့ သူ့ရဲ့ရှေ့နေက ပြောထားပါတယ်။