
ချဲလ်ဆီးကစားသမား မာဒူကီဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။
မာဒူကီဟာ ကလပ်ကမ္ဘာ့ဖလား ကစားနေတဲ့ ချဲလ်ဆီးအသင်းမှာပါဝင်နေသူဖြစ်ပြီး ပါလ်မီးယားရက်စ်ကို အနိုင်ရတဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါသေးတယ်။
အာဆင်နယ်ဘက်က မာဒူကီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်းသတင်းထွက်လာချိန်မှာ မာဒူကီဘက်ကလည်း ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်တာလို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ကလပ် ၂ သင်းကြားမှာ ပြောင်းရွှေ့ကြေးအပါအဝင် တခြားအသေးစိတ် အချက်အလက်တွေ ညှိနှိုင်းဖို့ ကျန်ရှိသေးပြီး အမှန်တကယ် အပြောင်းအရွှေ့ဖြစ်မြောက်မလား စောင့်ကြည့် သွားရမှာဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမားဟာ မနှစ်က ချဲလ်ဆီးအတွက် ၁၁ ဂိုးသွင်ယူနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။