
လီဗာပူးတိုက်စစ်မှူ ဒီယေဂိုဂျိုတာ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားတာဟာ အသင်းဆီ သင်္ဘောနဲ့ပြန်လာဖို့ စပိန်ဆိပ်ကမ်းဆီ သွားရောက်ရာမှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဂျိုတာဟာ ဇူလိုင် ၃ ရက်က ပေါ်တူဂီနိုင်ငံကနေ တဆင့် စပိန်နိုင်ငံမြောက်ပိုင်းက ဆန်တန်ဒါ ဆိပ်ကမ်းဆီ ညီဖြစ်သူနဲ့အတူ ကားနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီမရောက်ခင် ဇာမိုရာမြိုအနီးက အဝေးပြေးလမ်းမမှာ ကားမတော်တဆမှုဖြစ်ခဲ့တာပါ။
ရှေ့ကားကို ကျော်တက်စဉ် လမ်ဘော်ဂီနီကားရဲ့တာယာ ပွင့်ထွက်သွားခဲ့ကာ လမ်းဘေးအတားအဆီးတွေကို တိုက်ခဲ့ပြီးနောက် မီးလောင်ပြီး ကွယ်လွန်သွားခဲ့တာပါ။
ဂျိုတာဟာ အဆုတ်ခွဲစိတ်ကုသမှု ခံယူထားရတာကြောင့် လေယာဉ်နဲ့ ခရီးမသွားဖို့ ဆရာဝန်က အကြုံပြုထားလို့ ဗြိတိန်ကိုပြန်လာရာမှာ ရေလမ်းခရီးအဖြစ် သင်္ဘောနဲ့သွားရောက်ဖို့ စီစဉ်ခဲ့တာပါ။ လီဗာပူးအသင်းဟာ ဇူလိုင် ၇ ရက်မှာ ရာသီကြိုလေ့ကျင့်မှုတွေစတင်မှာဖြစ်ပြီး ဂျိုတာဟာ ဇူလိုင် ၃ ရက်ကတည်းက ပေါ်တူဂီကနေ တဆင့် စပိန်မြောက်ပိုင်းက ဆိပ်ကမ်းဆီကို ဗြိတိန်သွားမယ့် သင်္ဘောစီးဖို့ လာရောက်ရင်း ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters