Home
အားကစား
အသင်းဖော်ဂျိုတာ ကွယ်လွန်မှုအတွက် အားလပ်ရက်ဆက်မယူရန်  မိုဆာလာ ဆုံးဖြတ်
DVB
·
July 5, 2025
Photo :Reuters

လီဗာပူးတိုက်စစ်ကစားသမား မိုဟာမတ်ဆာလာဟာ အသင်းဖော် ဂျိုတာ ကွယ်လွန်သွားတဲ့အတွက် အားလပ်ရက်ဆက်မယူတော့ဘဲ  လီဗာပူးအသင်းဆီပြန်လာမယ်လို့ သိရပါတယ်။

မိုဆာလာနဲ့  ဂျိုတာတိုဟာ ပွဲပေါင်း ၁၅၀ လောက် တွဲဖက်ကစားခဲ့ပြီး အတွဲညီညီ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဆာလာဟာတူရကီနိုင်ငံ ကမ်းခြေတခုမှာ အားလပ်ရက်အပန်းဖြေနေတာဖြစ်ပြီး  ဇူလိုင် ၃ ရက်မှာ ဂျိုတာ ကားမတော်တဆဖြစ်လို့ ကွယ်လွန်တဲ့သတင်းကြားပြီးနောက် ဇူလိုင် ၄ ရက်မှာ လီဗာပူးအသင်းဆီပြန် လာမယ်လို့ အီဂျစ်သတင်းဌာနတခုက ရေးသားဖော်ပြခဲ့ပါတယ်။

ဂျိုတာ ကွယ်လွန်သွားတဲ့အပေါ် ဘောလုံးလောကသားအားလုံးက ဝမ်းနည်းကြေကွဲကြောင်း ရေးသားခဲ့ကြသလို ဆာလာအပါအဝင် အသင်းဖော်တွေဖြစ်တဲ့ ဒါဝင်နူညက်ဇ်၊ လူးဝစ်ဒီယက်ဇ် တိုကလည်း ဝမ်းနည်းကြေကွဲကြောင်း စာရေးသားခဲ့ကြပါတယ်။

ဆာလာနဲ့ လီဗာပူးအသင်းသားတွေဟာ ဇူလိုင် ၇ ရက်မှာ ပြုလုပ်မယ့် ဂျိုတာရဲ့ ဈာပနကိုလည်း  တက်ရောက်သွားဖို့ ရှိနေပါတယ်။ 

Photo: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024