
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ လီဂူးဝမ်းကလပ် မိုနာကို အသင်းဆီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ် မန်ယူကစားသမားဟောင်းဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကနဲ့ ၁၈ လကြာ ပိတ်ပင်ခံခဲ့ရတာပါ။
ဂျူဗင်တပ်အသင်းနဲ့လည်း စာချုပ် ဖျက်သိမ်းခဲ့ရပြီးနောက်မှာ မွေးရပ်မြေ အသင်းမှာ ပြန်ကစားဖို့ ဆွေးနွေးနေတာပါ။
ပေါ့ဘာဟာ မနှစ်က ရာသီအစပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘောလုံးဆက်ကစားခွင့်မရ ခဲ့တာပါ။
လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေပြီး ရက်ပိုင်းအတွင်းမှာ မိုနာကိုအသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုဖို့ရှိပါတယ်။
မိုနာကိုအသင်းဟာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပြီး ဝါရင့် ကွင်းလယ်လူ ပေါ့ဘာကို အားဖြည့်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters