
၄၇ ကြိမ်မြောက် မွန်တီကာလို အပြည်ပြည်ဆိုင်ရာ ဆပ်ကပ်ပွဲတော်ကို ဇန်နဝါရီ ၁၇ ရက်ကနေ ၂၆ ရက်အထိ မိုနာကိုမှာ ကျင်းပနေပါတယ်။
လွတ်လပ်တဲ့ မြို့ပြနိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကိုရဲ့ မင်းသမီး စတက်ဖနီက ပွဲတော်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတာ ဖြစ်ပါတယ်။
မိုနာကို တော်ဝင်မိသားစုဟာ ဆပ်ကပ်ပညာကို အားပေးမှုအတွက် ထင်ရှားပါတယ်။ ဒီပွဲတော်ကို ၁၉၇၄ မှာ မိုနာကိုမင်းသား တတိယမြောက် ရေနီးယားက စတင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာတဝန်းက ဆပ်ကပ်ပညာရှင်တွေဟာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆပ်ကပ်ပွဲတော်မှာ နှစ်စဉ် စုဝေးပြီး ဆုရဖို့ ကြိုးစားလေ့ရှိပါတယ်။
ဆပ်ကပ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ ဂျာနယ်လစ်တွေ ပါဝင်တဲ့ ဂျူရီအဖွဲ့က ရွှေလူရွှင်တော်၊ ငွေလူရွှင်တော် ဆုတွေနဲ့ အထူးဆုတွေ ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
Source : Reuters