
ပြင်သစ်ကွင်လယ်ကစားသမား ပေါလ်ပေါ့ဘာဟာ မွေးရပ်မြေကလပ် မာဆေးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ပေါ့ဘာဟာ အယူခံ တင်သွင်းမှုကြောင့် ၁၈ လ ပွဲပယ်ပြစ်ဒဏ်သာ ပွဲပယ်ခံခဲ့ရတာပါ။
ပေါ့ဘာ လာမယ့် ၂၀၂၅ ခုနှစ် မတ်လမှာ ပွဲပယ်ပြစ်ဒဏ်ကာလ ပြည့်မှာဖြစ်ပြီး အသင်းသစ် တသင်းရှာဖွေနေတာပါ။
RMC Sport သတင်းမှာတော့ ပေါ့ဘာဟာ မာဆေးအသင်းဆီပြောင်းရွှေ့ဖို့နီးစပ်နေပြီး မာဆေးအသင်းပိုင်ရှင် ဖရန့်ခ်မက်ကုတ်စ်ရဲ့ အနှစ်သက်ဆုံးကစားသမားဖြစ်တယ်လို့ သိရပါတယ်။
မာဆေးအသင်းကို ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီက လက်ရှိတာဝန်ယူနေတာပါ။ ပေါ့ဘာဟာ မာဆေးအသင်းဆီပြောင်းရွှေ့ဖြစ်မယ်ဆိုရင် မန်ယူအသင်းဖော်ဟောင်း မေဆန်ဂရင်းဝုဒ်နဲ့ ပြန်လည်တွေ့ဆုံမှာ ဖြစ်ပါတယ်။
Photo-Reuters