
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO) ရဲ့ ကုန်သွယ်ရေးစည်းမျည်းတွေကို ချိုးဖောက်ကြောင်း တရုတ်ကိုယ်စားလှယ်တွေက WTO အစည်းအဝေးမှာ ပြစ်တင်လိုက်ပါတယ်။
အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အမေရိကန်ကပြောတဲ့ ထုတ်လုပ်မှုပိုလျှံခြင်းဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို တရုတ်ကိုယ်စားလှယ်တွေက ငြင်းဆိုထားပါတယ်။
WTO ရဲ့ ထောက်ပံ့မှုနဲ့ ဆန့်ကျင်အရေးယူမှုဆိုင်ရာ ကော်မတီအစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ်တွေက ထုတ်လုပ်မှုပိုလျှံခြင်းကို အကဲဖြတ်ဖို့ တကမ္ဘာလုံးလက်ခံတဲ့ စံနှုန်းတွေ နည်းလမ်းတွေ မရှိဘူးလို့ ပြောခဲ့ပါတယ်။ ထောက်ပံ့ရေးနဲ့ ဝယ်လိုအားမညီမျှမှုဟာ သာမန်ဖြစ်စဉ်တခုလို့ ဆိုပါတယ်။
အမေရိကန်နဲ့ တခြား WTO အဖွဲ့ဝင်တွေရဲ့ ရပ်တည်ချက်က ရှေ့နောက်မညီကြောင်းနဲ့ ထုတ်လုပ်မှု ပိုလျှံတာနဲ့ စိုးရိမ်စိတ် များပြားမှုတွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။
ဒီဟာတွေဟာ တရုတ်နိုင်ငံကို စွပ်စွဲဖို့နဲ့ ကျော်တက်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ပြည်တွင်းထုတ်ကုန် ကာကွယ်မှုကို တဖက်သတ် ညီမျှတယ်လို့ ဆိုတဲ့အကြောင်းလည်း တရုတ်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ဈေးကွက်ပြိုင်ဆိုင်မှု၊ ဈေးကွက်ဝေစုတွေကို ယှဉ်ပြိုင်ဖို့ စိုးရိမ်နေတာ ဖြစ်တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters