
သြဂုတ် ၁ ရက်ကစပြီး အမေရိကန် နိုင်ငံထဲကိုဝင်လာတဲ့ ကမ္ဘောဒီးယားထုတ်ကုန်တွေအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ အမေရိကန်က ဇူလိုင် ၈ ရက်မှာ ပြောခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယားစက်ရုံက အလုပ်သမားတချို့က စိုးရိမ်ပူပန်တာတွေကို ထုတ်ပြောခဲ့ပါတယ်။
ဇူလိုင် ၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ဆီ လိပ်မူပြီး တရားဝင်စာတစောင် ပေးပို့အပြီးမှာ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
စည်းကြပ်ခွန်တွေကို ဧပြီလမှာ ပထမဆုံး ကြေညာခဲ့ချိန်က ကမ္ဘောဒီးယား ပို့ကုန်တွေကို စည်းကြပ်ခွန် ၄၉ ရာခိုင်နှုန်း ကောက်ခံဖို့ စီစဉ်ခဲ့ပါတယ်။
မြို့တော်ဖနွမ်းပင်ရဲ့ အစွန်အဖျားက စက်မှုပန်းခြံတခုမှာ အင်္ဂါနေ့က ရိုက်တာသတင်းဌာနနဲ့ စကားပြောခဲ့တဲ့ စက်ရုံအလုပ်သမားတွေက အခွန်စည်းကြပ်မှု လျှော့ချဖို့ ဒါမှမဟုတ် လုံးဝဖျက်သိမ်းပစ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
စက်ရုံတွေပိတ်ပြီး အလုပ်သမားတွေ အလုပ်ပြုတ်ရင် ဖောက်သည်တွေ ဆုံးရှုံးမှာမို့ သူလည်း အလားတူကံကြမ္မာကို ခံရနိုင်တယ်လို့ အစားအသောက်ရောင်းချသူတယောက်က ပြောပါတယ်။
Source:Reuters