
မက္ကဆီကိုတိုက်စစ်မှူး ဟင်မီနက်ဇ်ဟာ အမေရိကန်ဘက်ကို ဂိုးသွင်းယူပြီးနောက် ကွယ်လွန်သွားတဲ့ အသင်းဖော်ဟောင်း ဒီယေဂိုဂျိုတာတွက် ဂုဏ်ပြု အောင်ပွဲခံသွားပါတယ်။
အဲဒီပွဲစဉ်မှာ မက္ကဆီကိုအသင်းက အမေရိကန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကွန်ကာကပ်ဖ် ရွှေဖလား ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာပါ။
ဟင်မီနက်ဇ်ဟာ ပွဲချိန် ၂၇ မိနစ်မှာ ချေပဂိုးသွင်းခဲ့ပြီးနောက် ကျောနံပါတ် ၂၀ နဲ့ ဂျိုတာရဲ့ အမည်ရိုက်နှိပ်ထားတဲ့ မက္ကဆီကိုအသင်း ဂျာစီကို ယူဆောင်ပြီး ဂျိုတာရဲ့ အောင်ပွဲခံဟန်အတိုင်း ဂုဏ်ပြုအောင်ပွဲခံခဲ့တာပါ။
ပေါ်တူဂီနဲ့ လီဗာပူး ကစားသမားဟာ ဇူလိုင် ၃ ရက်က လီဗာပူးအသင်းဆီ ပြန်ဖို့ စပိန်ဆိပ်ကမ်းဆီ အသွားမှာ ကားမတော်တဆမှုဖြစ်ပြီး ညီဖြစ်သူနဲ့အတူ သေဆုံးခဲ့တာပါ။
ဟင်မီနက်ဇ်နဲ့ ဂျိုတာတို့ဟာ ဝုဗ်အသင်းမှာ ၂ နှစ်ကြာ အတူကစားခဲ့သူတွေ ဖြစ်ပါတယ်။
Photo: Reuters