
ပါကစ္စတန်နိုင်ငံ ကရာချိတောင်ပိုင်းရှိ လီယာရီ မြို့ ဧရိယာမှာ အထပ်မြင့် လူနေအဆောက်အအုံတခု ပြိုကျခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ၁၂ ယောက်အထိ မြင့်တက်လာခဲ့ပြီး ဇူလိုင် ၄ ရက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေကြောင်း အရေးပေါ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့တွေဟာ ညပိုင်းမှာ တူးဖော်ရေးစက်တွေကို အသုံးပြုပြီး အပျက်အစီးတွေနဲ့ အမှိုက်သရိုက်တွေကို ဖယ်ရှားရှင်းလင်းခဲ့ကြပါတယ်။
မြေအောက်ထပ် အပါအဝင် ၅ ထပ် အဆောက်အအုံဖြစ်ပြီး လူ ၁၂ ယောက် သေဆုံးသွားကြောင်းနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရင်း အပျက်အစီးတွေအောက်ကနေ သူတို့ရဲ့ အလောင်းတွေကို ဆွဲထုတ်ခဲ့ပါတယ်လို့ အရေးပေါ်ဝန်ဆောင်မှုအရာရှိ ဆာဒူးလားဘူတိုက ပြောပါတယ်။
ရုပ်အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရသူ ၆ ယောက်လောက်ကို ဆေးရုံတင်ထားရပါတယ်။
အစောပိုင်းတုန်းက အစိုးရအာဏာပိုင်တွေဟာ အဲဒီအဆောက်အအုံကို လူနေထိုင်ဖို့ မသင့်တော်ကြောင်း ကြေညာထားကာ ဆင်းဒ် ပြည်နယ် အဆောက်အအုံ ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က သတိပေး နို့တစ်စ်စာတွေလည်း ကပ်ထားတယ်လို့ အက်ဒ်ဟီ ဖောင်ဒေးရှင်းမှ ဆားဒ်အက်ဒ်ဟီက ပြောပါတယ်။
သတိပေးမှုတွေ ရှိပေမဲ့ အဲဒီအဆောက်အအုံမှာ မိသားစုတချို့က ဆက်လက် နေထိုင်နေကြဆဲဖြစ်ပြီး အခုတော့ လုံးဝကို ပြိုကျသွားတာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အမျိုးသမီးတယောက်ရဲ့ အလောင်း အပါအဝင် သေဆုံးသူအလောင်း ၄ လောင်းကို ဆယ်ယူရရှိထားပြီး မြို့ပြဆေးရုံကို ပို့ဆောင်ထားကြောင်း ဆားဒ်အက်ဒ်ဟီက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
Source: Reuters