
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းက ဘရာဇီးတိုက်စစ်မှူး ဂျိုအာပတ်ဒရိုကို ပေါင်သန်း ၆၀ နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ကလပ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားနေတဲ့ ချဲလ်ဆီးအသင်းဆီ သွားရောက်ပူးပေါင်းမှာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းနဲ့အညီ ပါဝင်ကစားခွင့်လည်း ရှိပါတယ်။
ချဲလ်ဆီးအသင်းက သမိုင်းအစဉ်အလာကောင်းတွေရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့အသင်းဆိုတာ အားလုံးသိရှိကြောင်း၊ အတိတ်ကာလမှာ ကစားသမားကောင်းတွေ ရှိခဲ့သလို လက်ရှိအချိန်မှာလည်း ကစားသမားကောင်းတွေရှိပြီး အသင်းပြောင်းရွှေ့ခွင့်ရတဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း ပတ်ဒရိုက ပြောပါတယ်။
ဂိုးသမား ဆန်းချက်ဇ်၊ ကိုင်စီဒိုနဲ့ ကူကူရယ်လာတို့ပြီးနောက် အခုနှစ်ပိုင်းအတွင်းမှာ ၄ ယောက်မြောက် ဘရိုက်တန်ကစားသမားတယောက်ကို ခေါ်ယူခဲ့တာပါ။
ချဲလ်ဆီးဟာ ဒေါ့မွန်အသင်းက လူငယ်တိုက်စစ်မှူး ဂစ်တန်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားသလို အစ်ဆွစ်က အင်္ဂလန်တိုက်စစ်မှူး ဒလတ်ဖ်ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။
Photo: Reuters