
လီဗာပူးအသင်းဟာ ကွင်းလယ်ကြယ်ပွင့်ကစားသမား ဟာဗေး အယ်လီယော့အတွက် ပေါင်သန်း ၅၀ ဈေးနှုန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်လူငယ်လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ယူ-၂၁ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူဖြစ်ပြီး အင်္ဂလန်အသင်းကို ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့သူပါ။
လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့အပြင် ဖလော်ရီယန်ဗက်ဇ်လို ကစားသမားကိုလည်း ခေါ်ယူထားတာကြောင့် လာမယ့်ရာသီမှာ ပိုပြီးပွဲထွက်ခွင့် နည်းပါးနိုင်တာပါ။
ဒီအခြေအနေကြောင့် လီဗာပူးကနေ ထွက်ခွာပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့လိုနေတဲ့ အယ်လီယော့အတွက် အသင်းဘက်က ဈေးနှုန်းသတ်မှတ်လိုက်တာပါ။
လီဗာပူးဟာ အယ်လီယော့အတွက် အနည်းဆုံးအနေနဲ့ ပေါင်သန်း ၄၀ နဲ့ ထပ်ဆောင်း အပိုဆုကြေးတွေ ထည့်သွင်းကမ်းလှမ်းမယ်ဆိုရင် လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။