
စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့အနေနဲ့ ဇူလိုင် ၁ ရက် တရက်တည်းမှာ ကျပ်သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ တရားမဝင် ကုန်စည်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တရားမဝင်ကုန်စည်တွေ ဖမ်းဆီးရမိတဲ့ ဒေသတွေကတော့ ပဲခူး၊ မော်လိုက်၊ တောင်ငူ၊ အမရပူရ၊ ချမ်းမြသာစည်မြို့နယ်တွေမှာ ဖြစ်ပြီး သင်းခွေချပ်ကြေးခွံ၊ နံ့သာဖြူတုံး၊ ကျွန်းသစ်၊ ဒီဇယ်၊ ဓာတ်ဆီ၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ လုပ်ငန်းသုံးပစ္စည်းတချို့ ပါဝင်ပြီး ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၃၄,၂၉၂,၈၀၀ ကျော်ဖိုးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဇွန် ၃၀ ရက်ကလည်း လိုင်စင်မဲ့မော်တော်ယာဉ် ၆ စီးနဲ့ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၆ စီး ဖမ်းဆီးရမိထားတယ်လို့လည်း ဖော်ပြထားပါတယ်။