
အီရန်-အစ္စရေး ပဋိပက္ခကြောင့် အနှောင့်အယှက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်း ရွှေ့ဆိုင်းနေရလို့ လက်ဘနွန်နိုင်ငံက ဘေရွတ်-ရာဖီး ဟာရီရီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန် ၁၆ ရက်က ခရီးသည်တွေ သောင်တင်နေခဲ့ကြပါတယ်။
ဒီစစ်ပွဲဟာ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ၊ ပဲ့ထိန်းဒုံးကျည်စက်ရုံတွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးတွေကို ပစ်မှတ်ထားပြီး အီရန်အစိုးရကို အဏုမြူလက်နက် တည်ဆောက်ခြင်းကနေ တားဖို့ အချိန်ကြာမယ့် စစ်ဆင်ရေးဖြစ်တယ်လို့ အစ္စရေးက သတိပေးခဲ့ပါတယ်။
အမ်းမရိတ်စ် လေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်းတချို့က ဂျော်ဒန်နဲ့ လက်ဘနွန်နိုင်ငံတွေဆီ ပျံသန်းမယ့် ခရီးစဉ်အားလုံးကို ဇွန် ၂၂ ရက်အထိ၊ အီရန်နဲ့ အီရတ်တို့ဆီ ပျံသန်းမယ့် ခရီးစဉ်ကို ဇွန် ၃၀ ရက်အထိ ယာယီ ရပ်ဆိုင်းထားပါတယ်။
အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာဟာ အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို တဖက်သတ် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာ အရာရှိတယောက်က ပြောလိုက်ပါတယ်။
ဟစ်ဇ်ဘိုလာရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်ထဲမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီရန်နဲ့ စည်းလုံးညီညွတ်မှု အပြည့်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
Source: Reuters