
ဘလွန်းဒီအောကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ကြောင်း ကစားမားသစ် ရွိင်ယန်ချက်ကီက ပြောသွားပါတယ်။
ပြင်သစ် လက်ရွေးစင်ကစားသမားဟာ လိုင်ယွန်ကနေ ပေါင် ၃၄ သန်းနဲ့ မန်စီးတီးဆီ ပြောင်းရွှေ့လာတာပါ။
မန်စီးတီးအသင်းမှာ ကွင်းလယ်ကစားသမား ရိုဒရီက ဘလွန်ဒီအောဆု ရယူနိုင်တာကို ကြည့်မယ် ဆိုရင် စီးတီးကစားသမားတိုင်းက ဆုရယူနိုင်တယ်ဆိုတာ သိသာထင်ရှားကြောင်း၊ မိမိအနေနဲ့လည်း ဘလွန်းဒီအောဆု ရယူနိုင်ဖို့အတွက် အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ချက်ကီကပြော ပါတယ်။
ဒါ့အပြင် ယူရိုပါလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းကိုလည်း လက်စားပြန်ချေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ချက်ကီက ပြောပါတယ်။
ချက်ကီဟာ မနှစ်ကရာသီက လိုင်ယွန်နဲ့ ၄၄ ပွဲမှာ ၁၂ ဂိုးသွင်းပြီး အကြိမ် ၂၀ အထိ ဂိုးဖန်တီး နိုင်ခဲ့သူဖြစ်ပါတယ်။