
NATO အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဇွန် ၄ ရက်က တွေ့ဆုံခဲ့ပြီး ယူကရိန်းအစိုးရအတွက် စစ်ရေးနဲ့ ဗျူဟာမြောက် ပံ့ပိုးကူညီမှုတွေ ဆက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းရဲ့ မဟာမိတ်တွေက သူတို့နိုင်ငံတွေထဲမှာ ယူကရိန်းကုမ္ပဏီတွေက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ခြင်းအတွက် အကူအညီပေးဖို့ ဆန္ဒရှိနေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်စ်တမ် အူညာရော့ဗ်က ပြောပါတယ်။
ဘရပ်ဆဲလ်မြို့မှာ ယူကရိန်း ကာကွယ်ရေး အဆက်အသွယ်အဖွဲ့ အစည်းအဝေးအတွင်း အနောက်နိုင်ငံတွေက အရာရှိတွေနဲ့ တွေ့အပြီး ဇွန် ၄ ရက်မှာ ပြောခဲ့တာပါ။
ယူကရိန်းကုမ္ပဏီတွေဟာ ဘဏ္ဍာငွေ၊ အဆင့်မြင့်နည်းပညာတွေ၊ ထုတ်လုပ်မှု နေရာအသစ်တွေ၊ ကမ္ဘာ့ထိပ်တန်း နိုင်ငံရေး ကစားသမားတွေနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ရမယ်။ ယူကရိန်းရဲ့ မဟာမိတ်တွေက စက်မှုအင်အားနဲ့ လက်နက်တွေ တည်ဆောက်ရေးအတွက် အခွင့်အလမ်းတွေ ရှိနေတယ်။ လွတ်လပ်မှုကို ကာကွယ်ရုံသာမက ရမ်စတိန်းခံစစ်ရဲ့ အနာဂတ်ကို ပုံဖော်နေပါတယ်လို့ အူညာရော့ဗ်က ပြောပါတယ်။
“ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကာကွယ်ရေးစက်ရုံတွေက ထုတ်လုပ်မှုအားလုံးအတွက် အပြည့်အဝ ပေးချေချင်တယ်လို့ ပြောခဲ့ကြပြီး ဒီအတွက် ရန်ပုံငွေတွေ ပိုပေးဖို့ လျာထားလိမ့်မယ်” လို့ အူညာရော့ဗ်က သတင်းစာရှင်းလင်းပွဲမှာ ဆက်ပြောခဲ့ပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက “ဒီစစ်ပွဲက စစ်မြေပြင်မှာ မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အဆုံးသတ်ရမယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် သမ္မတ ထရမ့်ပ်ရဲ့ အပစ်အခတ်ရပ်စဲရေးက အရမ်းအရေးကြီးနေတာပါ။ ပူတင်က ငြိမ်းချမ်းရေးအကြောင်း ပြောနေပေမဲ့ ညှိနှိုင်းချင်စိတ်မရှိဘူးဆိုတာ ပြသနေပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို လာဖို့ ရုရှားအစိုးရကို ဖိအားတွေ ပိုပေးရပါမယ်။ ယူကရိန်းကို ထောက်ပံ့တဲ့နိုင်ငံတွေက ဒီလုပ်ငန်းစဉ်ကို ကူညီဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” လို့ပြောပါတယ်။
ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်ကလည်း “ဒါက လိုအပ်တာနဲ့ ဖြစ်နိုင်တာတွေနဲ့ ပတ်သက်တဲ့ အရာပါ။ စေ့စပ်ညှိနှိုင်းရေးဆိုတာ ရင့်ကျက်တဲ့ လူတွေကြားက ညှိနှိုင်းခြင်းပါပဲ။ တိုင်းသူပြည်သားတွေရဲ့ တာဝန်ပါပဲ” လို့ ပြောခဲ့ပါတယ်။
Source: Reuters