
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘူမိုအတွက် ပေါင် ၅၅ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။
ကင်မရွန်းကစားသမားဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့လိုကြောင်း ကလပ်အသင်းထံ အသိပေးထားပြီး ပြောင်းရွှေ့ကြေးပမာဏ အဆင်ပြေဖို့သာ ကျန်ရှိတော့တာပါ။
မန်ယူအသင်းရဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုမှာ ကနဦး ပေါင် ၄၅ သန်း ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ နောက်ထပ် ပေါင် ၁၀ သန်း ထပ်မံပေးချေမယ်လို့ ကမ်းလှမ်းခဲ့တာပါ။
ဘရန့်ဖို့ဒ်ဘက်ကတော့ အမ်ဘူမိုအတွက် ပေါင်သန်း ၆၀ အလိုရှိနေတာကြောင့် မန်ယူအသင်းနဲ့ ဆွေးနွေးသွားရဖို့ ရှိပါတယ်။
အသက် ၂၅ နှစ်ရှိ တောင်ပံတိုက်စစ်ကစားသမားဟာ မနှစ်က ဘရန့်ဖို့ဒ်အတွက် သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။