
မန်ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လာ ပါတယ်။
အသက် ၂၅ နှစ်ရှိ ကင်မရွန်းကစားသမားဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းရရှိခဲ့သူပါ။
မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ပေါင်သန်း ၆၀ ပေးချေဖို့ အသင့်ရှိနေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားသလို ဘရန့်ဖိုဒ် အသင်းနဲ့လည်း တရားဝင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဘရန့်ဖိုဒ်နည်းပြ သောမက်စ်ဖရန့်ခ် ကတော့ ပရီးမီးယားလိဂ် အလယ်အလတ်အသင်းက တောင်ပံကစားသမား တယောက်အနေနဲ့ သွင်းဂိုး ၂၀ ရဖို့ ဆိုတာ အလွန်ခက်ခဲပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပါ ပေါင်းထည့်မယ်ဆိုရင် အမ်ဘူမိုက ဘယ်လောက်အထိ တန်ဖိုးရှိတဲ့ကစားသမားလဲဆိုတာ သိမြင်နိုင်ကြောင်း ပြောပါတယ်။
မန်ယူအသင်းဟာ ဝုဗ်တိုက်စစ် ကစားသမား ကူညာကိုလည်း ခေါ်ယူနိုင်ခဲ့ပြီး ဟွိက်လန်း အပါအဝင် အသင်းရှိ တိုက်စစ်ကစားသမားအများစုကို ပြန်လည်ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။