
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟားဗတ်တက္ကသိုလ်ဆီက ထောက်ပံ့ငွေ ဒေါ်လာ ၃ ဘီလီယံကို ယူပြီး အမေရိကန်ပြည်ထောင်စုတဝန်းက သက်မွေးပညာသင်ကျောင်းတွေကို ပေးဖို့ စဉ်းစားနေတယ်လို့ မေ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်အတွက် ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေ သေးတာလဲလို့လည်း ထရမ့်ပ်က သူ့ရဲ့ တရားဝင် "TRUTH Social" အကောင့်မှာ တင်ပြခဲ့ပါတယ်။
အမေရိကန် ပုဂ္ဂလိက သုတေသနတက္ကသိုလ် ၈ ခုစာရင်းဝင် ဟားဗတ်ကို နိုင်ငံခြားကျောင်းသားတွေ စာရင်းမသွင်းနိုင်အောင် ထရမ့်ပ်အစိုးရက ပိတ်ပင်ပြီးတဲ့နောက် တပတ်မပြည့်မီမှာ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ မှတ်ချက် ရေးသားခဲ့တာပါ။
“ဒေါ်လာဘီလီယံချီတဲ့ ရယ်စရာကောင်းတဲ့ အသုံးစရိတ်ကို သုံးပြီး အစွန်းရောက် ငမိုက်သား ပြဿနာအိုးတွေ ဘယ်လောက်များများ ကျနော်တို့နိုင်ငံဆီကို ပြန်လာဖို့ ခွင့်မပြုသင့်ဘူးဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဟားဗတ်တက္ကသိုလ်က နိုင်ငံခြားကျောင်းသား စာရင်းတွေကို ကျနော်တို့ စောင့်ဆိုင်းနေဆဲပါ။ ဟားဗတ်က ဒီစာရွက်စာတမ်းတွေကို တင်ပြဖို့ အရမ်းနှေးကွေးနေပြီး ဒါဟာလည်း အကြောင်းပြချက်ကောင်းကောင်းပေးဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မကြောက်ပါနဲ့၊ နောက်ဆုံးမှာ အစိုးရဟာ အနိုင်ရလိမ့်မယ်။”
Source: Reuters