
မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ပစ်မှတ်တိုက်စစ်မှူး ဗစ်တာအိုဆီမန်ဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အသက် ၂၆ နှစ်ရှိ နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ နာပိုလီကနေ တူရကီကလပ် ဂါလာတာစာရေးအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေပြီး ၂၉ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ အိုဆီမန်ဟာ အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းနေပြီး အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။
အယ်လ်ဟီလယ်ဘက်က တနှစ်ကို ပေါင် ၁၅ သန်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး အိုဆီမန်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အိုဆီမန်ကို ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ရာသီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး မန်ယူ၊ အာဆင်နယ်၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။