
စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို ပြန်လည်စဉ်းစားသုံးသပ် သွားမယ်လို့ သိရပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ပြည်တွင်းလိဂ်ပြိုင်ပွဲမှာလဲ ဦးဆောင်သူ အယ်လ်အစ်တီဟတ် ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၄ နေရာအထိ ကျဆင်းသွားပါတယ်။
လက်ကျန် ၄ ပွဲကျန်သေးပေမဲ့ လက်ရှိရပ်တည်မှု အတိုင်းသာ ရပ်တည်ခဲ့မယ်ဆိုရင် အယ်လ်နာဆာအသင်းက လာမယ့်နှစ် အာရှချန်ပီယံ လိဂ်ဝင်ခွင့်နဲ့ လွဲချော်မှာပါ။
စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ဆုဖလားလက်မဲ့ရာသီတွေ ဖြစ်လာတာကြောင့် အသင်းရဲ့ ရလဒ်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး စာချုပ်သက်တမ်းတိုးဖို့ ကိစ္စကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ရှိတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပေမဲ့ အသင်းလိုက် အောင်မြင်မှုမရတဲ့အပေါ် စိတ်ပျက်နေတယ်လို့ သိရပါတယ်။