
အာရှချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပရိသတ်တွေအတွက် စီရော်နယ်ဒိုက အသိပေးစာထုတ်ပြန်သွားပါတယ်။
စီရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ ဧပြီ ၃၀ ရက်က အိမ်ကွင်းမှာကစားခဲ့တဲ့ ဂျပန်ကလပ် ကာဝါဆာကီနဲ့ အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။
အိပ်မက်တွေဆိုတာ တခါတရံမှာ စောင့်ဆိုင်းရလေ့ရှိပြီး အယ်လ်နာဆာအသင်းအတွက် ပေးဆပ်ကစားခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း၊ အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း စီရော်နယ်ဒိုက ဆိုရှယ်မီဒီယာကနေ စာရေးသားထုတ်ပြန်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြီးဆုံးဖို ၅ ပွဲအလိုမှာ အဆင့်တစ်နေရာက အယ်လ်အစ်တီဟတ်နဲ့ ၈ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။
အယ်လ်နာဆာအသင်းကို ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ ကာဝါဆာကီအသင်းဟာ ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် အယ်လ်ဟီလယ်ကို အနိုင်ယူခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်အာလီနဲ့ မေလ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
Photo:Reuters