
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက စပါးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ အလေးသာနေပါတယ်။
Opta အချက်အလက် ကုမ္ပဏီကထုတ်ပြန်တဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ မန်ယူအသင်းက စပါးအသင်းထက်ပိုပြီး ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းများနေတာပါ။
မန်ယူအသင်းက ချန်ပီယံဖြစ်ဖို့ ၅၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး စပါးအသင်းက ၄၉ ဒသမ ၃ ရာခိုင်နှုန်း အခွင့်အရေးရှိကြောင်း သတ်မှတ်ခံရတာပါ။
ဗိုလ်လုပွဲရောက် ၂ သင်းစလုံးမှာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေကြတဲ့ အသင်းတွေဖြစ်လို့ လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ဝင်ခွင့် အတွက်လည်း အရေးပါနေတဲ့ ဗိုလ်လုပွဲစဉ် ဖြစ်လာမှာပါ။
မန်ယူဂန္ထဝင် ပေါလ်စခိုးကတော့ မန်ယူအသင်းရဲ့ သမိုင်းအစဉ်အလာရ ဆုဖလား ဘယ်လိုရယူရမလဲဆိုတာ သိရှိပြီး စပါးအသင်းကတော့ ဆုဖလားမရဘူးကြောင်း TNT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်သွားပါတယ်။