
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ခြေစွမ်းပြခဲ့တဲ့ မေဆန်မောင့်ကို မန်ယူအသင်းဂန္ထဝင် ကွင်းလယ်လူ ပေါလ်စခိုးက ချီးကျူးသွားပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ပွဲချိန် ၆၂ မိနစ်မှ လူစားဝင်ကစားခဲ့တာဖြစ်ပေမဲ့ ချေပဂိုးတဂိုးနဲ့ အနိုင်ဂိုးတဂိုး သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်ကို TNT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ပေါလ်စခိုးကတော့ မေဆန်မောင့်ကို ချဲလ်ဆီးအသင်းမှာတုန်းကလို စွမ်းဆောင်ရည်မျိုး ပြန်လည်မြင်တွေ့ခဲ့ရပြီး နည်းပြအာမိုရင်ရဲ့ ကစားကွက်မှာ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးပါတယ်။
ပေါလ်စခိုးနဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ ရော်ဘီဆေ့နဲ့ အိုဝင်ဟားဂရေ့စ် တို့ကလည်း မေဆန်မောင့်ရဲ့ ကစားသမားဘဝတလျှောက် အကောင်းဆုံးမိနစ် ၃၀ ကို မြင်တွေ့ခဲ့ရကြောင်းနဲ့ မောင့်အနေနဲ့ ကြံ့ခိုင်မှုသာကောင်းနေမယ်ဆိုရင် အဆုံးသတ်ဂိုးသွင်းနိုင်ကြောင်းလည်း ပြသနိုင်ခဲ့တာဖြစ်ကြောင်း ချီးကျူးခဲ့ကြပါတယ်။