Home
မြန်မာသတင်း
စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆန်စပါးအသင်းချုပ် စတင်လုပ်မည်
DVB
·
May 1, 2025
RICE_01052025
RICE_01052025

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေရဲ့ စိုက်ပျိုးရေးကဏ္ဍပြန်လည် ထူထောင်ရေးကို မေလ ၁ ရက်ကစပြီး  ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ ဦးစားပေးအနေနဲ့ ငလျင်ဘေးဒဏ်သင့်ဒေသတွေက ဆန်စပါးနဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချမှု ကွင်းဆက်မှာ ပါဝင်တဲ့ stakeholder တွေကို ကူညီထောက်ပံ့မှုတွေ ပေးတာ၊ လယ်ယာကဏ္ဍနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း‌တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစု‌တွေကို အကူအညီ ပေးတာ၊ ပြန်လည်ထူထောင်ရေးမှာ အစိုးရဌာနတွေ၊ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လယ်ယာကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုတွေပေးရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ပံ့ပိုးသွားမယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

ဒါအပြင် အသင်းချုပ်က ကျပ်သိန်းပေါင်း ၁၅၀၀၀ နဲ့ ရန်ပုံငွေ ထူထောင်ပြီး ညီနောင်အသင်း‌တွေ၊ အသင်းဝင်တွေ၊ စေတနာရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှု‌တွေနဲ့ ဧပြီ ၁ ရက်နေ့က စတင်ကာ ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ ဖြန့်ဖြူး ထောက်ပံ့ရေးနဲ့ လုပ်အားပေးကူညီရေး စတာတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024