
ယူကရိန်းနိုင်ငံက ပင်လယ်နက်ဆိပ်ကမ်းရှိရာ ဩဒက်ဆာမြို့မှာ မေ ၁ ရက် အစောပိုင်းက ရုရှား မောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပြီး လူနေအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနောက် မြို့တော်ဝန်က အခင်းဖြစ်ရာနေရာဆီ သွားပြီး အပျက်အစီးတွေကို စစ်ဆေးခဲ့ပါတယ်။
မြို့တော်ဝန်က ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ အဆောက်အအုံတွေကို စစ်ဆေးနေပြီး ဒေသခံတွေနဲ့ စကားပြောနေတဲ့ ဗီဒီယိုကို သူ့ရဲ့ တယ်လီဂရမ် အကောင့်ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်သံ ရိုက်ကူးထားတဲ့နေရာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
“ရန်သူက ဩဒက်ဆာမြို့ကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်နေတယ်၊ နေရာအတော်များများမှာ မီးလောင်ခဲ့ပြီး အရပ်ဘက် အခြေခံအဆောက်အအုံတွေ အထူးသဖြင့် လူနေအိမ်တွေ သိသိသာသာ ပျက်စီးခဲ့တယ်” လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး အိုလေး ကီပါက တယ်လီဂရမ်မှာ ရေးပါတယ်။
အသေအပျောက်နဲ့ ပတ်သက်ပြီးတော့ ချက်ချင်း မသိရသေးပါဘူး။
Source: Reuters