
လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဒါဝင်နူညက်ဇ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွား မယ်လို့သိရပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ ဒီယေဂိုဂျိုတာ၊ ဒီယက်ဇ်၊ ဂတ်ပိုနဲ့ ဆာလာတို့ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ အရန်ကစာသမားအဖြစ်သာ လူစားဝင်ကစားနေရတာပါ။
လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းဘက်က ရောင်းထုတ်သွားဖို စီစဉ်နေပြီး ပေါင် ၃၈ သန်းဝန်းကျင်ရမယ်ဆိုရင် လက်ခံစဉ်းစားသွားမှာဖြစ်ကြောင်း AS သတင်းမှာဖော်ပြပါတယ်။
နူညက်ဇ်ကို ဆော်ဒီကလပ်အယ်လ်နာဆာအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါ့အပြင် နော်တင်ဟမ်ဖောရက်နဲ့ အက်သလက်တီကိုအသင်းတွေကလည်း နူညက်ခ်ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
Photo: Reuters