
အသင်းဟောင်း လီဗာပူးရဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးလိဂ်ချန်ပီယံဆုဖလားအတွက် နည်းပြယာဂန်ကလော့ပ်က ဂုဏ်ပြုစကားဆိုသွားခဲ့ပါတယ်။
ဂျာမန်နည်းပြဟာ မနှစ်ကရာသီကမှ အသင်းကနေ ထွက်ခွါသွားတာဖြစ်ပြီး ဟော်လန်နည်းပြ အာနဲစလော့က အစားထိုးတာဝန်ယူခဲ့ကာ ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာပါ။
အတိတ်ကာလကအောင်မြင်မူတွေအတွက် အလွန်ကျေနပ်ပျော်ရွှင်ခဲ့ရသလို လက်ရှိအချိန်မှာ ချန်ပီယံဆု ဖလားရယူနိုင်ခဲ့တဲ့အပေါ်မှာလည်း အလွန်ပျော်ရွှင်ဂုဏ်ယူပါကြောင်းနဲ့ အနာဂတ်အတွက်လည်း အလွန်ကောင်းမွန်တဲ့စရိုက်လက္ခဏာတွေ ပြသနိုင်ခဲ့တာဖြစ်ကြောင်း နည်းပြကလော့ပ်က အင်စတာဂရမ်အကောင့်ကနေ ရေးသားဂုဏ်ပြုခဲ့တာပါ။
စပါးအသင်းကို အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ နည်းပြစလော့ပ်က နည်းပြဟောင်းယာဂန်ကလော့ပ်ကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ကလော့ပ်ရဲ့အမည်ကို သီချင်းလုပ်ပြီးတော့လည်း ပရိသတ်တွေနဲ့အတူ သံပြိုင်သီဆိုပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။
Photo: Reuters