
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တော်ရှိ အာမာဒီ လူနည်းစု ဝတ်ပြုရာနေရာကို လူအုပ်က ဧပြီ ၁၈ ရက်က တိုက်ခိုက်ခဲ့ရာ လူတယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ အသိုင်းအဝိုင်း ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောကြားခဲ့ပါတယ်။
လူအယောက် ၁၀၀-၂၀၀ လောက်ရှိတဲ့ လူအုပ်က ကားဝပ်ရှော့ပိုင်ရှင် အသက် ၄၇ နှစ်အရွယ် အမျိုးသားကို အုတ်ခဲတွေ၊ တုတ်တွေနဲ့ အသေရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့ အာမာဒီ အသိုင်းအဝိုင်း ပြောရေးဆိုခွင့်ရှိသူ အာမီရ် မာမွဒ်က ပြောပါတယ်။
ကရာချိမြို့တော် ဆက်ဒါနယ်မြေ ရဲမှူး မုဟာမဒ် ဆက်ဖ်ဒါက သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။
ရဲမှူး ဆက်ဖ်ဒါက နောက်ပိုင်းမှာ လူအုပ်ဟာ လူစုခွဲသွားပြီး အဆောက်အအုံအတွင်း ပိတ်မိနေသူ ၁၅ ယောက်ကို ရဲတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ရိုက်တာကို ပြောပါတယ်။ မာမွဒ်ကတော့ လူ ၃၀ လောက် ပိတ်မိခဲ့ကြောင်း ဆိုပါတယ်။
အမာဒီ လူနည်းစုကို ရှေးရိုး မွတ်ဆလင် အုပ်စုလို့ ယူဆထားကြပြီး ပါကစ္စတန်ဥပဒေအရ သူတို့ကို မွတ်ဆလင်လို့ ခေါ်ဆိုခြင်း၊ အစ္စလာမ့်သင်္ကေတတွေ အသုံးပြုခြင်းတို့ကို တားမြစ်ထားပြီး အထွေထွေရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ကို ပိတ်ပင်ထားကာ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အဟန့်အတားတွေ ရင်ဆိုင်နေရကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
Source : Reuters