Home
နိုင်ငံတကာ
ဖမ်းဝရမ်းထုတ်ခံရသည့် ပီရူးသမ္မတဟောင်း အူမာလာ၏ ဇနီးကို ဘရာဇီး ခိုလှုံခွင့်ပေး
DVB
·
April 16, 2025
Photo: REUTERS/ Mariana Bazo

ပီရူးသမ္မတဟောင်း အိုယန်တာအူမာလာရဲ့ ဇနီး နေဒီးန်ဟယ်ရဲ့ဒီယာဟာ ဧပြီ ၁၅ ရက်က လီမာမြို့ရှိ ဘရာဇီးသံရုံးမှာ ခိုလှုံခွင့်တောင်းခံခဲ့ကြောင်း ပီရူးနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဲဒီနေ့ အစောပိုင်းက ပီရူးတရားရုံးတွေဟာ သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် ဘရာဇီးကုမ္ပဏီတွေဆီက တရားမဝင် ရန်ပုံငွေတွေကို ခဝါချမှုအတွက် သမ္မတဟောင်း အူမာလာနဲ့ သူ့ဇနီး ဟယ်ရဲ့ဒီယာ တို့ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာပါ။

တရားသူကြီး နေကိုကိုရိုနာဒိုဆလာဇာက စီရင်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်ကို အလေးထားပြီး ပြစ်ဒဏ်တွေ ခံယူဖို့အတွက် ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

ပီရူးအစိုးရက ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘရာဇီးအစိုးရနဲ့ အဆက်အသွယ် မပြတ်ရှိကြောင်း ဖော်ပြထားပါတယ်။

သမ္မတဟောင်းကတော် ဟယ်ရဲ့ဒီယာဟာ ဗင်နီဇွဲလားရဲ့ ဟူးဂိုးရှာဗက်ဇ် အစိုးရနဲ့ ဘရာဇီးရဲ့ လူလာ အစိုးရတွေအပြင် ဘရာဇီးကုမ္ပဏီတခုတို့ဆီက ငွေလက်ခံရရှိမှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

“၂၀၀၆ သို့မဟုတ် ၂၀၁၁ ကမ်ပိန်းအတွက် ငွေတွေထည့်ထားတဲ့ သံတမန်စာအိတ်ခွံတွေ မရှိဘူး ဆိုတာ ဒီစစ်ဆေးမှုက သက်သေပြထားပြီးသား ဖြစ်ပါတယ်” လို့ ဟယ်ရဲ့ဒီယာက ပြောပါတယ်။

ဒီအမှုဟာ ပီရူးနိုင်ငံရှိ ခေါင်းဆောင်အများအပြားနဲ့ ပတ်သက်နေတဲ့ ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024