
ထိုင်ဝမ်မှာ ဆူနာမီ ဒါမှမဟုတ် အခြေခံအဆောက်အအုံတွေကို အပြင်းအထန် တိုက်ခိုက်ခံရတာလို ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်ကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ အသွင်ယူလေ့ကျင့်ဖို့ မတ် ၂၇ ရက်မှာ အရပ်ဘက်ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို နိုင်ငံတောင်ပိုင်း တိုင်နန်မှာ ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က တည်ထောင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ကာကွယ်ရေး ခုခံရေး ကော်မတီသစ်ရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်တာပါ။
ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်အဖြစ် ရှုမြင်တဲ့ တရုတ်ရဲ့ တိုက်ခိုက်မှုလိုမျိုး အရေးပေါ် အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်ဝမ်က ပြင်ဆင်ထားပါတယ်။
ကမ်းလွန်ပင်လယ်ပြင်မှာ ငလျင်လှုပ်ခတ်ပြီး ခရီးသည်တင် ဆိပ်ကမ်းဂိတ်တခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပြီးတဲ့နောက် ဆူနာမီလို အဖြစ်အပျက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ တိုင်နန်လေ့ကျင့်ရေးက အသွင်ယူ လေ့ကျင့်နေပါတယ်။
ကော်မတီအတွက် ပထမဆုံးသော တိုက်ရိုက်လေ့ကျင့်မှုဖြစ်ပြီး လူပေါင်း ၁,၅၀၀ လောက် ပါတယ်၊ နောက်လမှာ ထပ်လေ့ကျင့်သွားမယ်လို့ သမ္မတ လိုင်က လေ့ကျင့်ခန်းတချို့ကို ကြည့်ရှုပြီးတဲ့နောက် တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။
Source : Reuters