
မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် သြစတြေးလျ အစိုးရက ကူလသမဂ္ဂလူဦးရေနှင့် ရန်ပုံငွေအဖွဲ့ (UNFPA)ကတဆင့် ဒေါ်လာ ၄ သန်းကူညီမယ်လို့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီအကူအညီတွေကို အမျိုးသမီးတွေအတွက် ကျန်းမာရေး၊ ကျား-မအခြေပြုအကြမ်းဖက်မှု၊ စိတ်ကျန်းမာရေး အထောက်အကူတွေ ပေးနိုင်ရေးအတွက် အသုံးပြုသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါအပြင် သဘာဝဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အင်ဒို-ပစိဖိတ်ဒေသအတွင်းမှာ လုပ်ဆောင်နေတဲ့ Red Cross အဖွဲ့တွေနဲ့ ဒေသခံ NGO တွေကို လည်း သြစတြေးလျက ဒေါ်လာ ၆ သန်း စုစုပေါင်း ၁၀သန်းကူညီသွားမှာဖြစ်ပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ သူတို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေခံမူတွေ အတိုင်းထပ်တိုး အကူအညီတွေပေးအပ်တာဖြစ်ပြီး ဆက်လက်ကူညီထောက်ပံ့သွားမယ်လို့လည်း ဆိုထားပါတယ်။