
ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာ ဇူလိုင် ၈ ရက် မှာ ဂျပန်နိုင်ငံဆီ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့တဲ့လက ကနေဒါနိုင်ငံ G7 ထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့တဲ့ ၂ နိုင်ငံကြား သတင်းအချက်အလက်မျှဝေရေး သဘောတူညီချက်အသစ်ကို ပူးတွဲလက်မှတ်ရေးထိုးပွဲကို ပါဝင်ဆင်နွှဲ ခဲ့ပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး အာနစ်တာအာနန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာ့ခဲရှိ အိဝါ့ယတို့က သတင်းအချက်အလက်လုံခြုံရေး သဘောတူညီချက်ဟာ ဂျပန်နဲ့ ကနေဒါကြား ရှိပြီးသား မိတ်ဖက်ဆက်ဆံရေးအပေါ် ထပ်ဆင့်တည်ဆောက်မယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပတ်ဝန်းကျင်ကို ကိုးကားပြီး သဘောတူညီချက်ရဲ့ အရေးကြီးမှုကို ဝန်ကြီး ၂ ယောက်စလုံးက ထပ်တိုးမှတ်ချက်ပြုခဲ့ပါတယ်။
သဘောတူညီချက်ဟာ ဂျပန်နဲ့ ကနေဒါနိုင်ငံတို့ကြား အမျိုးသားလုံခြုံရေးကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့ သက်ဆိုင်သူသာ ကြည့်ခွင့်ဖတ်ခွင့်ရှိမယ့် အချက်အလက်တွေကို မျှဝေဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။