အီလန်ဂါကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရန် နယူးကာဆယ်သဘောတူ
DVB
·
July 9, 2025

နယူးကာဆယ်အသင်းဟာ နော်တင်ဟမ် တောင်ပံတိုက်စစ်ကစားသမား အီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ ပါတယ်။
အသက် ၂၃ နှစ်ရှိ ဆွီဒင်ကစားသမားဟာ ၂၀၂၃ ခုနှစ်က မန်ယူကနေ ပေါင် ၁၅ သန်းနဲ့ နော်တင်ဟမ်ဆီ ပြောင်းရွှေ့သွားတာဖြစ်ပြီး ၂ ရာသီ အကြာမှာ အသင်းပြောင်းဖို့ ဖြစ်လာခဲ့တာပါ။
အီလန်ဂါဟာ မနှစ်က သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၁၇ ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရမယ့် နယူကာဆယ်အသင်းက အင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters