
ဖင်လန်နိုင်ငံ ဆွန်ကာဂျာဗီမှာ ကျင်းပတဲ့ ၂၀၂၅ မယားထမ်းပြေးပွဲ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ အမေရိကန်စုံတွဲက အနိုင်ရခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၈ နိုင်ငံက လူ ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်ပြိုင်ပွဲမှာ လူစိတ်ဝင်စားမှု ပိုရဖို့ အသင်းလိုက်ယှဉ်ပြိုင်မှုတွေလည်း ထည့်သွင်းခဲ့ကာ နိုင်ငံ ၃ နိုင်ငံကနေ အသင်း ၉ သင်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ဒီပြိုင်ပွဲမှာ လူတွေစောင့်ကြည့်ခံရတဲ့ ကစားသမားကတော့ ၂၀၂၄ ခုနှစ်က ဖင်လန်နိုင်ငံရဲ့ အသန်မာဆုံး အမျိုးသားဖြစ်ခဲ့တဲ့ အယ်လိုနန်ပဲ ဖြစ်ပါတယ်။
အယ်လိုနန်ဟာ တာတိုပြေးပွဲမှာ ပထမရခဲ့ပြီး အဓိကပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့ချန်ပီယံရှစ် မယားထမ်းအပြေးပြိုင်ပွဲရဲ့ အဓိကပြိုင်ပွဲမှာ အမေရိကန်စုံတွဲက ပထမရခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ သီးခြား အမျိုးသမီးစီးရီးပြိုင်ပွဲကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအသစ်အတွက် စုံတွဲ ၅ တွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။
မယားထမ်းပြိုင်ပွဲမှာ ဇနီးဖြစ်သူကို ယောက်ျားက ထမ်းပိုးပြီး ရေတွေ၊ သဲတွေထဲမှာ အခက်အခဲတွေ ကျော်ဖြတ်ကာ ပန်းတိုင်ကို အမြန်ရောက်အောင် ပြေးရတာဖြစ်ပါတယ်။
မယားထမ်းပြိုင်ပွဲကို ဖင်လန်နိုင်ငံမှာ ၁၉၉၂ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လူစိတ်ဝင်စားမှုများလာတာကြောင့် ၁၉၉၇ ခုနှစ်ကစလို့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။
Source: Reuters