Home
မြန်မာသတင်း
ပျောက်နေသည့် Grade 12 ကျောင်းသူ တွေ့ရှိသတင်းပေးနိုင်ပါက ကျပ် သိန်း ၂၀၀ ချီးမြှင့်မည်
Chia
·
July 6, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်တိုင်းမှာ ကျောင်းလာတက်နေတဲ့   Grade 12 ကျောင်းသူ မဆုရတနာအောင် ပျောက်ဆုံးနေတာ ၂ လကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ သတင်းအစအနမရရှိသေးဘူး လို့ သိရပါတယ်။

လှည်းကူးမြို့နယ်၊ မိုးသောက်ပန်းဘော်ဒါဆောင်မှာ တက်ရောက်သင်ကြားနေတဲ့  မိန်းကလေးဟာ ဧပြီ ၂၄ ရက်၊ မနက် ၇ နာရီခှဲလောက်မှာ မုန့်ထွက်ဝယ်ရင်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် ပျောက်ဆုံးနေတဲ့ကျောင်းသူလေးရဲ့ မိခင် ဒေါ်စမ်းစမ်းအေးက သူရဲ့လူမှုကွန်ယက် စာမျက်နှာမှာ မဆုရတနာအောင်နဲ့ပတ်သက်တဲ့ သတင်းတိတိကျကျပေးနိုင်သူ ဘယ်သူ့ကိုမဆို ဆုငွေ ကျပ်သိန်း ၂၀၀ ကို ပေးအပ်သွားမယ်လို့ ဇူလိုင် ၄ ရက်က ရေးသားထားပါတယ်။

“ကျမအသည်းနှလုံး အရှင်လတ်လတ် ဆွဲထုတ်ခံထားရတဲ့ မိခင်တယောက်ပါ။ ကျမသမီး ဘယ်ရောက်သွားလဲ။ ကျမအသက်ရှင်နေသရွေ့ သမီးငယ်လေး ဆုရတနာအောင်ကို ရှာနေမှာပါ။ မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ ပြစ်ဒဏ်ကိုချပေးခဲ့တာလား သမီးငယ်လေးရယ်” ဆိုပြီး မိခင်က ရေးသားထားပါတယ်။

ကျောင်းသူလေး ပျောက်ဆုံးနေတာနဲ့ပတ်သတ်ပြီး သတင်းစာတွေမှာလည်း လူပျောက်ကြော်ငြာ ထည့်သွင်းထားသလို သက်ဆိုင်တဲ့ ရဲစခန်းတွေမှာ တိုင်ကြားထားပေမဲ့ လက်ရှိအချိန်ထိ သတင်းအစအန တခုမှမရှိသေးဘူးလို့ သိရပါတယ်။

ရခိုင်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ပညာဆက်လက် သင်ကြားနိုင်ဖို့နိုင်ဖို့ ပြောင်းရွှေ့ရောက်ရှိနေတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ မဆုရတနာအောင်ဟာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့က ဦးကျော်ရင်နဲ့ ဒေါ်စမ်းစမ်းအေး တို့ရဲ့သမီးဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်ရှိပြီး လူရည်ချွန် နှစ်ထပ်ကွမ်းရ ရှိထားတဲ့ Grade 12 ကျောင်းသူတယောက်လည်း ဖြစ်ပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024