
အီရန်နိုင်ငံက စုံစမ်းစစ်ဆေးမှုကိုဖို့ သဘောမတူရင် ယူရေနီယံသန့်စင်ထားတာတွေ စွန့်လွှတ် ရမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်ပ်က ပြောပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို တခြားနေရာတွေမှာ ပြန်လည်စတင်ဖို့ အကောင်အထည် ဖော်ရင်တောင် ကြန့်ကြာစေမယ်လို့ ယုံကြည်ကြောင်း ထရမ့်ပ်က ပြောပါတယ်။
ဇူလိုင် ၇ ရက်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အိမ်ဖြူတော်ကို လာရောက်လည်ပတ်မှာ ဖြစ်ပြီး အဲ့ဒီနေ့မှာ အီရန်အကြောင်း ဆွေးနွေးမယ်လို့ ထရမ့်ပ် က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ လာမယ်ဆိုတာ ပူတင်သိပါတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်နဲ့ ပူတင်တို့ ဖုန်းဆက်စကားပြောတုန်းက ပိတ်ဆို့အရေးယူမှုတွေလာမယ်ဆိုတာ သိတဲ့ အကြောင်းနဲ့ အဲ့ဒီအတွက် စိုးရိမ်မိတဲ့အကြောင်း ဆွေးနွေးဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
“ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်လို့ သူ မပျော်ဘူးဆိုတာ ကျနော်ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူက ဒီပိတ်ဆို့ အရေးယူမှုတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့မှုတွေက ထိရောက်ခဲ့ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေ လာမယ်ဆိုတာလည်း ပူတင်က နားလည်ထားပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း သူက ပရော်ဖက်ရှင် တယောက်ပဲလေ” လို့ ထရမ့်ပ်က ရုရုားအရေးနဲ့ပတ်သက်ပြီး ပြောပါတယ်။
ဒါ့အပြင် ထရမ့်ပ်က အပတ်တိုင်း စစ်သား ၅၀၀၀၊ ၆၀၀၀ လောက် သေနေတာမျိုး ကျနော် မမြင်ချင်ကြောင်း၊ ယူကရိန်းစစ်သားတွေနဲ့ ရုရှားစစ်သားတွေ သေဆုံးမှုတွေက ဒီအရေအတွက် ထက်တောင် များနေကြောင်း ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်ဟာ သောကြာနေ့က ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းကို လေကြောင်းကာကွယ်မှု ပတ်ထရော့ဒုံကျည်းတွေ ပေးပို့ဖွယ်ရှိတဲ့အကြောင်း ဆွေးနွေး ခဲ့ပါသေးတယ်။
Source:Reuters