
လီဗာပူးအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အတွက် ဘိုင်ယန်အသင်းရဲ့ တရားဝင်ကမ်းလှမ်းမှုအပေါ် ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။
ကိုလံဘီယာကစားသမားကို ဘိုင်ယန် အပါအဝင် ဘာစီလိုနာနဲ့ ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြတာပါ။
ဒီယက်ဇ် ကိုယ်တိုင်ကလည်း တခြားအသင်းတွေနဲ့ ဆွေးနွေးမှုတွေရှိပြီး ဒါက အပြောင်းအရွှေ့ကာလမှာ သာမန်ကိစ္စသာဖြစ်ကြောင်း၊ လီဗာပူးဘက်က ကောင်းမွန်တဲ့ ကမ်းလှမ်းမှု မရှိဘူးဆိုရင် အသင်းပြောင်းရွှေ့နိုင်ကြောင်း ပြောထားတာပါ။
ဒီယက်ဇ်ဟာ လီဗာပူးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းမှာ ဆက်ရှိ၊ မရှိက လီဗာပူးအသင်းအပေါ်မှာပဲ မူတည်ကြောင်း ဒီယက်ဇ်က ပြောထားပါတယ်။
ဘိုင်ယန်အသင်းရဲ့ တရားဝင်ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေး အသေးစိတ် မသိရသေးပေမဲ့ လီဗာပူးဘက်က ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ အကြောင်းပြန်ကြားခဲ့ကြောင်း သိရပါတယ်။
Photo: Reuters