
အသင်းဟောင်း လီဗာပူးရဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာ ရုတ်တရက် ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြေကွဲရ ကြောင်း နည်းပြယာဂန်ကလော့ပ်က ဖွင့်ဟသွားပါတယ်။
ဂျာမန်နည်းပြ ကလော့ပ်ဟာ ဂျိုတာကို ၂၀၂၀ ပြည့်နှစ်က ဝုဗ်အသင်းကနေ ခေါ်ယူခဲ့ပြီး အသင်းမှာ ခြေစွမ်းပြသနိုင်အောင် ကူညီလေ့ကျင့် ပေးခဲ့သူပါ။
ဂျိုတာဟာ ကစားသမားကောင်းတယောက် ဖြစ်ရုံမက မိမိရဲ့ မိတ်ဆွေကောင်းတယောက်လည်း ဖြစ်ပြီး ဇနီးနဲ့ ကလေးတွေအတွက် စံပြဖခင်ကောင်းတယောက် ဖြစ်ကြောင်း၊ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းနဲ့ အမြဲတမ်း လွတ်ဆွတ်နေမှာဖြစ်ကြောင်း နည်းပြယာဂန်ကလော့ပ် ကပြောပါတယ်။
ဂျိုတာဟာ လီဗာပူးနဲ့ ၅ နှစ်တာကာလအတွင်းမှာ ပွဲပေါင်း ၁၈၂ ပွဲ ကစားခဲ့ပြီး ၆၅ ဂိုးသွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူနိုင်ခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း UEFA နေးရှင်းလိဂ်ဖလား ပူပူနွေးနွေးရယူထားသူ ဖြစ်ပါတယ်။
Photo:Reuters