Home
မြန်မာသတင်း
မကွေး ကျီးသိုက်ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
July 3, 2025

မကွေးတိုင်း၊ စလင်းမြို့နယ် ကျီးသိုက်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒီနေ့ ဇူလိုင် ၃ ရက် မနက်မှာ မီးရှို့နေတယ်လို့ ပြည်သူ့ညီနောင် စလင်းအဖွဲ့က DVB ကို အတည်ပြုပါတယ်။

မကွေးမြို့ကနေ သံချပ်ကားတင့်ကားတွေပါ ပါတဲ့ စစ်ကြောင်း ၃ ကြောင်းဟာ ဇွန် ၂၉ ရက်က စလင်း - မိုးဝန်း - သရက်ချဥ် - ဆင်ဖြူကျွန်း လမ်းပိုင်းတွေကနေ စစ်ကြောင်းထိုးလာတာပါ‌။

ဇူလိုင် ၃ ရက် မနက်ပိုင်းမှာတော့ အဲဒီစစ်ကြောင်းထဲက တကြောင်းဟာ ကျီးသိုက်ရွာကို အင်အား ၁၀၀ ကျော်နဲ့ ဝင်လာပြီး မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၇၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းထဲက စစ်ကြောင်းဝင်လာတဲ့ လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တော်လှန်ရေး တပ်ပေါင်းစုဘက်က စလင်း - မိုးဝန်း - သရက်ချဥ် - ဆင်ဖြူကျွန်း လမ်းပိုင်းတွေ အသုံးမပြုဖို့နဲ့ စစ်ရေးသတိနဲ့ သွားလာကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024