
ဗီယက်နမ်နိုင်ငံက သွင်းကုန်တွေကို စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်းသာ ကောက်ဖို့ သဘောတူညီချက် ရပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ပြန်ပါတယ်။
ဧပြီလအတွင်း ထရမ့်ပ် ကြေညာထားတဲ့ မူလနှုန်းထားအရဆိုရင် ဗီယက်နမ်ကနေ အမေရိကန်ကို ပို့တဲ့ ထုတ်ကုန်တွေကို ၄၆ ရာခိုင်နှုန်းအထိ စည်းကြပ်ဖို့ရှိနေခဲ့တာ ဖြစ်ပါတယ်။
အခုသဘောတူညီချက်အသစ်အရ ဗီယက်နမ်ဟာ အမေရိကန်ထုတ်ကုန်တွေအပေါ် သွင်းကုန်ခွန် လုံးဝကောက်ခံမှာ မဟုတ်ဘူးလို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဗီယက်နမ်ကနေ တဆင့်ဖြတ်ပြီးတော့ သွင်းတဲ့ trans-shipping ကုန်စည်တွေအပေါ်မှာတော့ ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂနဲ့ ဂျပန် အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားဟာ ထရမ့်ပ် သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဇူလိုင် ၉ ရက် မတိုင်မီ အမေရိကန်နဲ့ သဘောတူညီချက်ယူနိုင်ဖို့ ကြိုးစားနေရပါတယ်။
စည်းကြပ်ခွန်ဆိုတာ သွင်းကုန်နဲ့ပတ်သက်လို့ ပစ္စည်းအပေါ်၊ နိုင်ငံအပေါ် လိုက်ပြီး ခွဲခြားစည်းကြပ်တဲ့ အကောက်ခွန်တမျိုး ဖြစ်ပါတယ်။
ဒီလိုကောက်ခံတဲ့အတွက် နောက်ဆုံးကျခံရမယ့်သူဟာ ဝယ်ယူသုံးစွဲသူသာ ဖြစ်တာကြောင့် တင်သွင်းတဲ့ပစ္စည်းတွေ စျေးကြီးသွားရင် ဝယ်လိုအား ကျဆင်းသွားမှာကို အမေရိကန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
Source: Reuters