
စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေး လေယာဉ်တစင်း ပျောက်ဆုံးနေတယ်လို့ ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်ရေးလေယာဉ်ဟာ ဇူလိုင် ၁ ရက် ညမှာ ခရီးဝေးလေ့ကျင့်ပျံသန်းနေစဉ် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး ဆက်သွယ်ရေး ပြတ်တောက်သွားတယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေ စစ်ဆေးချက်အရ စက်ချွတ်ယွင်းတာ ဒါမှမဟုတ် ရုတ်တရက် ရာသီဥတုဆိုးရွားတာကြောင့် ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်လေယာဉ် အဆက်အသွယ်ပြတ်တောက်သွားတဲ့ နေရာတဝိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။