
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်လာပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြ အာမိုရင် လက်အောက်မှာ ပွဲထွက်ခွင့်အာမခံချက် မရှိတာကြောင့် မနှစ် ရာသီဝက်ကာလက ဗီလာအသင်းဆီ အငှားထွက်ကစားခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ရာသီသစ်မှာလည်း ပွဲထွက်ခွင့် အာမခံချက် မရှိတဲ့အပြင် အသင်းဘက်ကပါ ရောင်းဖို့ စီစဉ်ထားပါတယ်။
ကနဦးသတင်းတွေမှာ ဘာစီလိုနာအသင်းက ခေါ်ဖို့ စိတ်ဝင်စားခဲ့ပေမဲ့ အခုကတော့ ဘိုင်ယန်မြူးနစ် အသင်းကလည်း ခေါ်ဖို့ စိတ်ဝင်စားလာတာလို့ ဂျာမန်သတင်းစာ BILD မှာ ဖော်ပြပါတယ်။
ဘိုင်ယန်အသင်းဟာ လာမယ့်ရာသီအတွက် တောင်ပံကစားသမားတယောက် မဖြစ်မနေ ခေါ်မှာဖြစ်ပြီး ရက်ရှ်ဖို့ဒ် အပါအဝင် ပီအက်စ်ဂျီက ဘာကိုလာ၊ ဘီလ်ဘာအိုက နီကို ဝီလီယံ၊ အေစီက ရာဖေးလီယို၊ လီဗာပူးက လူးဝစ်ဒီယက်ဇ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။