
ဂျူဗင်တပ်အသင်းဟာ မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ကစားသမား ၃ယောက် အထိ အလိုက်ပေးကမ်းလှမ်းခဲ့တယ်လိုသိရပါတယ်။
အပြောင်းအရွှေ့သတင်းတွေမှာ ယုံကြည်စိတ်ချရတဲ့ အီတလီသတင်းထောက် ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ တူရင်ကလပ်ဟာ ဆန်ချိုအတွက် တိုက်စစ်မှူး ဗလာဟိုဗစ်၊ ကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်နဲ့ တောင်ပံကစားသမား တင်မန်တေဝီယာတို့နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကစားသမား ၃ ယောက်စလုံးအလိုက်ပေးမှာလား၊ ကြိုက်နှစ်သက်ရာတယောက်နဲ့ အလိုက်ပေးကမ်းလှမ်းတာလားဆိုတာကတော့ တိတိကျကျသိရှိရခြင်း မရှိသေးပါဘူး။
အင်္ဂလန်တောင်ပံကစားသမားဆန်ချိုဟာ မနှစ်က ချဲလ်ဆီးမှာ အငှားထွက်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သူပါ။ ဂျူဗင်တပ်အပါအဝင် နာပိုလီကလည်း ဆန်ချိုကိုခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
Photo: Reuters