
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို သဘောတူညီခဲ့ပြီး အဲဒီကာလအတွင်းမှာ ပါလက်စတိုင်းနယ်မြေအတွင်း စစ်ပွဲအဆုံးသတ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
အမေရိကန်ကိုယ်စားလှယ်တွေဟာ ဂါဇာကမ်းမြောင်မှာ အစ္စရေးတွေနဲ့ အချိန်ကြာပြီး အကျိုးရှိရှိ တွေ့ဆုံခဲ့မှုအတွင်း ရက် ၆၀ အပစ်ရပ်ရေးကို အပြီးသတ်မယ့် လိုအပ်တဲ့ အခြေအနေတွေကို အစ္စရေးက သဘောတူထားပြီး အဲဒီအချိန်အတွင်းမှာ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ကျွန်ုပ်တို့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။
ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာနိုင်ဖို့ အလွန်ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ ကာတာနဲ့ အီဂျစ် နိုင်ငံတွေဟာ နောက်ဆုံးအဆိုပြုချက်ကို ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသရဲ့ ကောင်းကျိုးအတွက် ဟားမတ်စ်အနေနဲ့ ဒီသဘောတူညီချက်ကို ရယူဖို့ မျှော်လင့်ပါကြောင်းနဲ့ အကြောင်းကတော့ ပိုကောင်းလာမှာမဟုတ်ဘဲ ပိုဆိုးလာမှာကြောင့်ပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။
Source: Reuters