Home
မြန်မာသတင်း
လင်းခေးနှင့် ဟုမ္မလင်း အနီး မြေငလျင်လှုပ်
DVB
·
July 1, 2025

ရှမ်းပြည်နယ်၊ လင်းခေးမြို့နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နားမှာ အင်အားရစ်ချ်တာစကေး ၄ ကျော်တဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက် ဒီမနက်အစော ၂ နာရီ ၁၃ မိနစ်လောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် ၁၁၈ ကီလိုမီတာအကွာ၊ လင်းခေးမြို့နာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့် ငလျင်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမနက် ၉ နာရီ ၁၄ မိနစ်အချိန်ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၃၅ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့် ငလျင်လှုပ်ခဲ့ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့အနီးအဝေးပေါ်မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့လည်း ဆိုပါတယ်။

မိုးလေဝသဌာနကတော့ လင်းခေးမြို့နားမှာ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တယ်လို့ပဲ ထုတ်ပြန်ထားပြီး ဟုမ္မလင်းမြို့နား လှုပ်ခဲ့တဲ့ငလျင်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024